မိမိ Gmail အကောင်.အားလုံခြုံမှု၇ှိစေ၇န်

မိမိဂျီမေးလ်အကောင့်လေးအား စိုးရိမ်တက်သူများအတွက် ရည်ရွယ်ပါသည်။ ဘာပညာမှတော့ ထူးထူးဆန်းဆန်းမပါပါ။ ကျနော်တို့်လို ဘာမှမသိသေးသူများအတွက် ရည်ရွယ်ပါသောကြောင့်
ပညာရှင်များအတွက် ဟာသဖြစ်ကောင်းဖြစ်နေပါလိမ့်မည်။

ပထမအဆင့် Protocol Secure

ကိုယ့်အကောင့်ကို Changing the HTTPS setting သို့ပြောင်းပါ HTTPS (Hypertext Transfer Protocol Secure) ဆိုတာက HTTP (Hypertext Transfer Protocol) ထက် ပိုပြီး လုံခြုံရေးအဆင့်တခုရှိနေပါတယ် သူက secure protocol ပါ။ လုပ်ရတာလွယ်ပါတယ်

(၁) မိမိအကောင့်ကို Sign up လုပ်ဝင်လိုက်ပါ

(၂) yourmail@gmail.com ဘေးနားမှ Settings ထဲကို ၀င်လိုက်ပါ

(၃) General မှာ Browser connection မှ Always use https ကို မှတ်ပေးလိုက်ပါ

(၄) အောက်ဆုံးမှာသွားပြီး Save Changes လုပ်လိုက်ရင် ပြီးပါပြီ

ကိုယ်မေးလ်အကောင့် ကို ၀င်လိုက်တိုင်း http:// မဟုတ်တော့ပါဘူး https://
ဖြစ်နေတာကိုတွေ့ရမှာပါ။

ဒုတိယအဆင့် Password

မိမိ အကောင့် password ကို ရိုးရိုးကြီး မပေးထားပါနှင့် ဥပမာ( password) ဆိုတာမျိုးထက်( pAssWord123SeCurE )လို့ပေးနိုင်ရင် အကောင်းဆုံးလို့Google ဆိုထားပါတယ်။
နောက်ပြီး အကောင့် password ကို တနှစ်မှာ အနည်းဆုံး နှစ်ကြိမ်ပြောင်းရန် Google က တိုက်တွန်းထားပါတယ်။ Microsoft အဆိုအရ password တခုဟာ (၇၂) ရက်ထက်ပိုပြီး မလုံခြုံပါဘူးလို့ ပြောထားတာလည်း ရှိပါတယ်။ မိမိနှစ်သက်သလို ရွေးချယ်ပါ။

တတိယအဆင့် Password recovery options

အရေးအကြောင်းရှိလို့ ကိုယ့်အကောင့် password မေ့သွားရင် ဖြစ်ဖြစ် ဒါမှမဟုတ်
အခြားသူတယောက်က မိမိအကောင့်ကို password recovery လုပ်ပြီးအခိုးမခံရအောင် မိမိအကောင့်စဖွင့်တဲ့အချိန်က ပေးထားသော recovery အကောင့်ကို
များသောအားဖြင့် သူငယ်ချင်း တယောက်ယောက်ရဲ့အကောင့်ပေးထားလေ့ရှိပါတယ်
အဲဒီလိုပေးထားရင် အကောင်းဆုံးက အမြန်ဆုံးပြောင်းလိုက်ပါ မိမိရဲ့ အကောင့်
Recovery ကိုလည်း စိတ်တိုင်းကျ ပြောင်းရအောင်

(၁) မိမိအကောင့်ကို Sign up လုပ်ဝင်လိုက်ပါ

(၂) yourmail@gmail.com ဘေးနားမှ Settings ထဲကို ၀င်လိုက်ပါ

(၃) Account and Import မှ အောက်ဆုံးမှာရှိသော Google Account setting မှ

Visit your Google Account setting ကလစ်နှိပ်ဝင်ပါ

(၄) Personal Settings အောက်မှ Change password recovery options ကို

ကလစ်နှိပ်ဝင်ပြီး မိမိစိတ်တိုင်းကျ လုံခြုံစိတ်ချရအောင်ပြောင်းနိုင်ပါသည်။

ဒီလောက်လုပ်ပြီးရင်တော့ တော်တော်လေးစိတ်ချရပါပြီ Google နှင့်

အဆင့်မြင့်နည်းပညာသုံး ပညာရှင်များသာလျှင် မိမိအကောင့်ကိုခိုးနိုင် ဖတ်နိုင်ပါလိမ့်မည်။

(မှတ်ချက်။ ။ အထက်ပါ အကြောင်း အရာများသည် နည်းလမ်းတစ်ခုသာဖြစ်ပါသည်။
လုံးဝ စိတ်ချယုံကြည် နေရမည်ဟု မဆိုလိုပါ။ အဆင်မြင့် နည်းပညာများသည် အမြဲဆက်လက် တည်ရှိနေဦးမည် ဖြစ်ပါကြောင်း။)

http://mysteryzillion.org

Advertisements

About mrzawmyo
အင်တာနက်မှ IT နည်းပညာများသင်ယူနေသူ ၊ ဒီ ဘလော. လေးမှာ စိတ်ဝင်စားတာလေးတွေေ၇းသားနေသူ ၊ ကွန်ပျူတာ အကြောင်းသိတာလေးတွေ မျှဝေ ချင်သူ။

ကျေးဇူးတင်ပါတယ်။

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: